OWIC Card ထုတ်ရန်လိုအပ်ချက်များ
Safe migration မှာနာမည် ပါလာပြီဆိုရင် ရန်ကုန် မြောက်ဒဂုံက ပင်လုံခမ်းမ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းမှာ OWIC Card သွားထုတ်ရန်လုပ်ဆောင်ရပါမယ်။
၂ ချက် လုပ်ဆောင်ရပါမည်
(၁) Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရပါမည်။
(၂) OWIC Card သွားထုတ်ရပါမည်
မှတ်ချက်: မြောက်ဒဂုံ Labourရုံး နှင့် OWIC Card ထုတ်သည့်ရုံးသည့် တလမ်းထဲ ဖြစ်သောကြောင့် မြောက်ဒဂုံ Labour ရုံးမှာ Labour ကဒ် အရင်လုပ်ပီးမှ OWIC Card ရုံးသို့သွားတာ အဆင်ပြေပါသည်။ ၂ ခုလုံး တနေ့ထဲနှင့် ပီးပါသည်။ ရှာရလွယ်ကူရန် ဒီ Website အောက်ဆုံးတွင် Map ပုံထည့်ပေးထားပါသည်။ (Labour Card ကို မြောက်ဒဂုံ လေဘာရုံးတွင်လုပ်လို့ရသလို မိမိ နေထိုင်ရာ မြို့နယ်တွင်လဲလုပ်လို့ရပါသည်။)
(၁) Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရန် လိုအပ်ချက်များ
Passport မူရင်း နှင့် မိတ္တူ ယူသွားပါ။
မှတ်ပုံတင် မူရင်း နှင့် မိတ္တူ ယူသွားပါ။
Labour Card လုပ်ခ ၅၀၀ ကျပ် ပေးရပါသည်။ (စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်။)
(Labour Card (ခေါ်) ပုံစံ-၂ နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)
(၂) OWIC Card သွားထုတ်ရပါမည်
Passport မူရင်း နှင့် မိတ္တူ ယူသွားပါ။
Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ ယူသွားပါ။
OWIC Card ထုတ်ရန် တင်ရမည့် အပြည့်စုံ ဖြည့်ထားတဲ့ လျှောက်လွှာ။
(OWIC Card ထုတ်ရန်လျောက်လွှာ နမူနာကြည့်ရန် အောက်ပါ စာမျက်နှာ ၁ နှင့် ၂ ကို နှိပ်ပါ)
စာမျက်နှာ ၁
စာမျက်နှာ ၂
PDF version ယူရန်
MSWord version ယူရန်
Safe Migration page မှာ ကိုယ့်နာမည်ပါတဲ့ ရက်စွဲနဲ့ စာအမှတ်။ ဒါမှ ရုံးမှာ နာမည် ရှာတဲ့အခါ မြန်ပါမယ်။
စာရွက်စာတမ်း စစ်ပြီးရင် ငွေသွင်း (နှစ်ထောင့်ငါးရာလား သုံးထောင်လား သေချာမမှတ်မိတော့ပါ) ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ မျက်လုံး Scan ဖတ်၊ နာရီ၀က်/တနာရီလောက် စောင့်ပြီးရင် OWIC Card ရပါပြီ။
(OWIC Card နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)